အနာဂတ်ကို .... ပိုင်ဆိုင်ဖို့ ...... ငါတို့ကိုယ်တိုင်...... ကြိုးစားစို့.....

မှတ်သားကြရမယ့် .... အမေ့ အမှာစကား...

Thursday, April 28, 2011

လွှမ်းမိုးမှုအရှိဆုံးသော လူပုဂ္ဂိုလ် ၁၀၀..

TIME (မေ ၂-2010) - ကရင်ပြည်နယ် ဘားအံထောင်တွင် အကျဉ်းချခံထားရသော ဘလော့ဂါ ကိုနေဘုန်းလတ်ကို ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးမှ နှစ်စဉ်ရွေးချယ်လေ့ရှိသော လွှမ်းမိုးမှုအရှိဆုံးသော လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ၂၀၁၀ ခုနှစ်အတွက် ထည့်သွင်းဖော်ပြလိုက်သည်။
TIME မဂ္ဂဇင်းက ကိုနေဘုန်းလတ်ကို “သူရဲကောင်းများ” ဟူသော ကဏ္ဍအောက်တွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဟောလီးဝုဒ်အကျော်အမော် မင်းသား ဂျက်လီ၊ အိုင်ဗရီကို့စ် ဘောလုံးအသင်းခေါင်းဆောင် ဒရော့ဘာ၊ တင်းနစ်ဝိဇ္ဖာ ဆရီနာဝီလျံ၊ နယ်လ်ဆင်မင်ဒဲလား၏ ဇနီးလည်းဖြစ်၊ အာဖရိကလူ့အခွင့်အရေး ခေါင်းဆောင်လည်းဖြစ်သူ မဒမ် ဂရာကာမာရှယ် အစရှိသူတို့နှင့်အတူ ၂၀၁၀ အတွက် ရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ရွေးချယ်ခံရသော ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ချက်များကို အခြားသော အထင်ကရ ပုဂ္ဂိုလ်များက ရေးသားပေးခဲ့ကြရာ ကိုနေဘုန်းလတ်အတွက် ကမ္ဘာကျော် ဗြိတိန်စာရေးဆရာကြီး Salman Rushdie က ရေးသားပေးခဲ့သည်။ Salman Rushdie သည် “ဆာ” ဘွဲ့ရ စာရေးဆရာတစ်ဦးဖြစ်သလို ဗြိတိသျှဘုရင်မကြီး ချီးမြှင့်သည့် သူရဲကောင်းဆု (KBE) ကိုလည်း ၂၀၀၇ ခုနှစ်တွင် လက်ခံရရှိထားသူဖြစ်သည်။ ၎င်းက ကိုနေဘုန်းလတ်နှင့် ပတ်သက်၍ “စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများအကြားမှ လွတ်လပ်မှုကို ရှာဖွေနေသော မျိုးဆက်ကောင်းတို့၏ စံပြ” ဖြစ်သည်ဟု မကြာခင်က ကိုနေဘုန်းလတ်ကို ချီးမြှင့်ခဲ့သော PEN/Barbara Goldsmith Freedom လူ့အခွင့်အရေးဆုကို ရည်ညွှန်းရေးသားထားသည်။

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူဖြစ်သည်။

Sunday, April 24, 2011

သီပေါမင်း ပါတော်မူပုံ...... ဦးဖိုးကျား




ဖတ်ရလွယ်ကူစေရန် စာမျက်နှာကို တချက်နှိပ်လိုက်ပါ။ ပြီးလျှင် ဘေးမှမျှားကိုနှိပ်၍ တရွက်ချင်းဖွင့်ဖတ်နိုင်ပါသည်။

Thursday, April 21, 2011

သင်္ကြန်ဖိတ်စာ....

အော်ရီဂွန် မြန်မာလူငယ်များရဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲ ဖိတ်ကြားလွှာ