ဒီမိုကရေစီနဲ့ မအပ်စပ်တဲ့ လူတန်းစား
အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ်တစ်ယောက် ဂျာနယ်တိုက်တွေကို စုံစမ်းမေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ်ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီး ရင်ဖွင့်တာပါလို့ နတ်သံမနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။
အော်ရီဂွန် မြန်မာလူငယ်
မှတ်သားကြရမယ့် .... အမေ့ အမှာစကား...
Saturday, July 2, 2011
Thursday, June 23, 2011
Conversations with Aung San Suu Kyi...... By Alan Clements
Over the course of nine months—from October, 1995 to June, 1996—I had an exceptional series of conversations with a unique woman and, currently, the world’s most famous political dissident. Burma’s Aung San Suu Kyi is, in the words of Vaclav Havel, one of the outstanding examples of the power of the powerless.
Aung San Suu Kyi told me her own story in many conversations at her home in Rangoon. The full record of our dialogue is presented in The Voice of Hope, appearing in October from Seven Stories Press. It was a journey into the soul of the struggle for freedom in this southeast Asian nation of 45 million people, many of whom, at this very moment, may be risking their lives to win the right to choose their destiny.
After having spent some eight years as a monk in a Rangoon monastery, I returned to Burma in October 1995 never having met or spoken to Aung San Suu Kyi. Yet she was not unknown to me. I had written and spoken extensively on political developments in Burma, and from everything I had learned, I was fascinated by Aung San Suu Kyi, as were so many others. She offered me, as she does to all, a great vision that places self-respect, human dignity, compassion and love above material considerations. Placed under house arrest, separated from her family for years at a time, she kept silent, and so grew into a living legend. Finally, once again speaking defiantly and acting boldly to unlock the prison doors of the SLORC military dictatorship, she will not be stopped.
This is the Aung San Suu Kyi that I came to know—a dynamic woman with an unshakable conviction, inseparable from her principles and sustained by a sense of justice and duty. She abhors hypocrisy, while admitting her own shortcomings. Her compassion is tangible. The one quality that I feel best defines her is sincerity, at the core of which is her conviction in self-improvement. Aung San Suu Kyi is a seeker, one who makes her life a vehicle for an awakening to deeper and deeper truths.
She wears her spirituality quietly, unpretentiously, and with subtlety. But this casualness makes it all the more delightful. She laughs freely and easily. Her voice is harmonious and sweet; her words are so simple at times as to take you by surprise, yet spoken without equivocation. She is straight and direct.
Does she have faults? She would be the first to admit having some. Was I satisfied with my conversations with her? Ultimately I wanted more than she was willing to give. Aung San Suu Kyi is a fiercely private woman, secret about her personal life and any aspect of her inner world that she deems private. I found her to be like a sealed vault in some areas and an open universe in others. Aung San Suu Kyi is her own person in every sense and it was this aspect of our time together that I most appreciated: a woman enjoying her sovereignty and happiness while fighting for the independence of others.
–Alan Clements
Sunday, June 19, 2011
ကုသိုလ် အကုသိုလ်....... အရှင်ဝိစိတ္တ(မနာပ ဒါယီ)
တရားပွဲတစ်ခုမှာ ကုသိုလ်နဲ့ ပတ်သက်ပြီး အထူးပြု ဟောပြောဖြစ်ခဲ့ပါတယ်။ တရားခေါင်းစဉ်လေး အမည်ပေးပြီး အဲဒီကောင်းစဉ်နဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မပြောခင် တရားနာ ပရိတ်သတ်တွေကို “ကုသိုလ်ဆိုတာ ဘာလဲ…”လို့ အရင်ဆုံး မေးစမ်းကြည့်လိုက်တော့ ထုံးစံအတိုင်း မြန်မာတရားနာ ပရိတ်သတ်ရဲ့ အဖြေက ဟိုလိုလို ဒီလိုလို ၀ါတားတားရယ်ပါ။ တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းမှုကိုပြောတာပါဘုရား..” လို့ ဖြေကြသလို တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းတဲ့အလုပ်ကို ပြောတာပါဘုရား..”လို့ ပြောတာတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ “ကုသိုလ်ဆိုတာ ဒါန၊ သီလ၊ ဘာဝနာကို ပြောတာပါဘုရား..” လို့ ဖြေတာတွေလည်း ရှိပါတယ်။ သူတို့ရဲ့ အဖြေတွေဟာ မှားတယ်လို့ မပြောနိုင်ပေမယ့် သေသေချာချာ သိလို့ဖြေတာရယ်လို့ မရှိကြပါဘူး။ စိတ်အထင်နဲ့ မှန်းပြီးဖြေလိုက်ကြတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အဲဒီလို အထင်နဲ့ဖြေနိုင်တာကိုက တော်လှပြီလို့ ပြောရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဘုန်းဘုန်းကတော့ သိသင့်သိထိုက်တဲ့ ကုသိုလ်နဲ့ အကုသိုလ်အကြောင်း အခြေခံကျကျ ရှင်းပြပေးဖြစ်ပါတယ်။
Saturday, June 4, 2011
"တကယ်လုပ်ကြမှာလား"
(၁)
I think it much butter that…
Every man paddle his own canoe
Frederick Marryat (1792-1848)
ကျွန်တော်ထင်ပါတယ်။
လူတိုင်းလူတိုင်းဟာသူ့ရဲ့လှေကိုသူလှော်၇င် ပိုပြီးအဆင်ပြေလိမ့်မယ် ထင်ပါတယ်။
ဖရက်ဒရစ်မာရက်(၁၇၉၂-၁၈၄၈)
သင်္ဘောသား စာရေးဆရာဖြစ်သူ မာရက်ကပြောတာပါ။ မည်သူမဆို မိမိအလုပ်ကို မိမိလုပ်မှ ပြီးမြောက်မှာ ဖြစ်တယ်။
(၂)
အီဆွပ်ပုံပြင်(ဂရိပုံပြင်) ထဲကပုံပြင်တပုဒ်ကို ပြောပြမယ်။
တခါက ဘီလုံးငှက်မတစ်ကောင်ဟာ သူ့ရဲ့သားသမီးတွေနဲ့ ပြောင်းခင်းထဲမှာ အသိုက်ဖွဲ့နေတယ်တဲ့။
သူမရဲ့သားသမီးတွေဟာ အရွယ်မရောက် မပြန်နိုင်သေးခင်မှာ ပြောင်းခင်းဟာ ရင့်မှည့်လာပြီး ရိတ်သိမ်းချိန် ရောက်လာသတဲ့ ။
ဒါနဲ့ ဘီလုံးငှက်မဟာ အစာရှာမထွက်မီ သားသမီးတွေကိုအောက်ပါအတိုင်းပြောတယ်။
“ဒီပြောင်းခင်းကနေ တို့တတွေ ပြောင်းကြရမယ် . . . ဘယ်တော့ ပြောင်းရမယ်ဆိုတာကိုတော့ မသိသေးဘူး။ ဒီအနားကို လာပြီးပြောဆိုကြတဲ့ လယ်သမားတွေစကား မှတ်သားထားကြပါ”
ညနေ သူ့အမေဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေကပြောပြတယ်။
“အမေ. . . လယ်သမားကြီးက သူ့ရဲ့သားကိုခိုင်းတယ်။ ပြောင်းတွေရင့်မှည့်လို့ ရိတ်သိမ်းချိန်တန်ပြီ. . .
မိတ်ဆွေတွေကို မနက်ဖြန်လာကူရိတ်ဖို့ အကူအညီ သွားတောင်းတဲ့’’
“ဟုတ်လား’’
“အမေရယ်…သားတို့။သမီးတို့ကို ပြောင်းပေးပါ’’လို့ငှက်ကလေးတွေက တောင်းပန်တော့ အမေက…
“အင်း…ကိစ္စမရှိသေးဘူး သားတို့၊ သမီးတို့ရယ်…’’လယ်သမားတွေဟာ မိတ်ဆွေ အိမ်နီးနားချင်းတွေကို အားကိုးရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်သေးဘူးလို့ ဖျောင်းဖျလိုက်လေသတဲ့။
ဒါနဲ့ သူတို့တတွေဟာ အေးဆေးစွာ အိပ်ကြတယ်။
နောက်တနေ့မှာလဲ ဘီလုံးငှက်မဟာ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမားသားအဖ၇ဲ့ စကား မှတ်သားထားကြဖို့မှာပြီး အစာရှာထွက်သွားသတဲ့။
ညနေကျတဲ့အခါ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေကပြောပြတယ်။
“အမေရေ . . . လယ်သမားကြီးနဲ့သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး’’
“အမေပြောသလိုပေါ့”
“ဟုတ်တယ်အမေ”
“ဒါနဲ့လယ်သမားကြီးကသူ့၇ဲ့သားကိုခိုင်းပြန်တယ်။ ဆွေမျိုးတွေကို မနက်ဖြန်လာကူရိသတ်သိမ်းပေးဖို့ အကူအညီသွားတောင်းလို့မှာတယ်။”
“ဟုတ်လား။”
“ဟုတ်တယ် အမေရယ်..သားတို့သမီးတို့ကိုပြောင်းပေးပါလို့ ”တောင်းပန်ကြပြန်တယ်။
ဒီတစ်ခါအမေက…
“ကိစ္စမ၇ှိသေးပါဘူး သားတို့သမီးတို့…လယ်သမားဟာဆွေမျိုးတွေကို အားကိုးတာပဲ.. .ဒါဆိုရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်သေးဘူး”လို့ နှစ်သိမ့်ပြန်သတဲ့။
ဒါနဲ့ သူတို့တတွေဟာ အသိုက်မှာ အေးဆေးစွာ အိပ်ကြတယ်။
နောက်တနေ့မှာ ဘီလုံးငှက်မဟာ အစာရှာမသွားမီ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကားကို သေသေချာချာ မှတ်သားထားဖို့ မှာတယ်။
ညနေဖက် သူ့အမေ ဘီလုံးငှက်မကြီးပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။
“အမေရေ. . . လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး”
“အေး. . .သူတို့ဟာ ဆွေမျိုးအာားကိုးတာကိုး”
“ဟုတ်တယ်အမေ...ဘယ်သူမှ မလာတော့ လယ်သမားကြီးကသူ့ရဲ့သားကိုပြောတယ်...မနက်ဖြန် တို့နှစ်ရောက်ပဲ ပြောင်းခင်းကိုရိတ်ကြမယ်”တဲ့…
“ဟုတ်လား...ဒါဆို သားတို့သမီးတို့ ပြောင်းဖို့အချိန်ရောက်လာပြီ”လို့ပြောကာ အသိုက်ပြောင်းသွား လေသတဲ့။
(၃)
ဘာမဆို ကိုယ်တိုင်လုပ်မှ အလုပ်ဖြစ်ပါတယ်။ဒါကို ရှေးကအယူအဆပါပဲလှို့ ထင်ချင်ထင်ကြမယ်။ ဒါပေမယ့် ဒီအယူအဆတွေဟာနေရာအတော်များများမှာ ခုထက်ထိတိုင် မှန်နေဆဲပါပဲ။
လူတွေဟာ မိမိကိုယ်ကိုမိမိ အားမကိုးရင် အလုပ်ပြီးစီးလေ့မရှိဘူး။ဒါ့ကြောင့် ကုမ္ပဏီအများစုဟာ မိသားစုကုမ္ပဏီတွေ ဖြစ်ကြတာကို တွေ့ရပေမယ်။ ဒါတောင် ဆွေမျိုးအားကိုးလို့ မရဘူး ဆိုတာ လူတိုင်း သိကြတာပဲ။
တကယ်တော့ လူတွေဟာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ လုပ်လို့မရတာတွေရှိတယ်။ စုပေါင်းလုပ်ကြကိုင်ကြလို့ အကျိုးဖြစ်ထွန်းကြပါတယ်။ သို့သော် ဒီလိုစုပေါင်းလုပ်ပြီး စုပေါင်း အကျိုးခံစားရတဲ့ ပုံစံကို သိပေမယ့် လိုက်နာဖို့ အတော်ခက်ခဲကြတယ်။
ကျွန်တော်ဂျပန်ရောက်စဉ်က ပြောဆိုတဲ့စကားတစ်ခုကို နားထဲကမထွက်ဘူး။ “ဂျပန်သုံးယောက် ပူးပေါင်းမိရင် ကုမ္ပဏီထောင်တယ်.. .မြန်မာ သုံးယောက်ပူးပေါင်းမိရင် ရန်ဖြစ်တယ်”တဲ့။
သူ့စကားကြားကာစတော့ စိတ်ဆိုးသလိုလိုပါပဲ။ ဒါပေမဲ့တကယ်တမ်း လေ့လာတဲ့အခါ မှန်နေတာကို တွေ့ရတယ်။
ကျွန်တော်တို့ဟာ သူ့ကျွန်ဘဝ အကြာကြီး ရောက်ခဲ့တယ်။ စိတ်ဓာတ် ရင့်ကျက်တဲ့ အလေ့အကျင့်တွေ မရကြဘူး။ စိတ်ဝမ်းတွေကွဲနေတယ်။ ဒီအတွက် ကောင်းမွန်တဲ့ စိတ်ဓာတ်ကိုပျိုးထောင်ရမယ်။
ခေတ်မီတိုးတက်တဲ့ ကမ္ဘာကြီးမှာ တစ်ယောက်ထဲ ရပ်တည်လို့မရပါဘူး။တကယ်တမ်းတိုးတက်ချင်ရင် စုပေါင်းလုပ်ကိုင် တတ်ဖို့လိုတယ်။ဝေမျှဖို့ လိုတယ်။အုပ်ချုပ်တတ်ဖို့ လိုတယ်။
တိုးတက်ကြီးပွားဖို့ မိမိကိုယ်ကို အားကိုးသလို သူတပါး အကူအညီကိုလည်း ရအောင်ယူတတ်ရမယ်။ မိမိနိုင်ငံတိုးတက်ဖို့ကျွန်တော်တို့တတွေ လေ့ကျင့်ကြရဦးမယ်။
(ဒေါက်တာခင်မောင်ညို၊(တကယ်လုပ်ကြမှာလား) စာမျက်နှာ-(၁၁၅)မှကူးယူဖော်ပြပါသည်။)
"တကိုယ်ရည်စာ အာဏာရှင် တော်လှန်ရေး"
အနည်းဆုံး ကိုယ့်စည်းကိုယ်လုံတဲ့ နိုင်ငံသားကောင်းတယောက်ဖြစ်အောင်နေ မယ်ဆိုရင် တောင် အာဏာရှင်စနစ်ကို အလိုလိုဆန့်ကျင်ပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ့်စည်းကိုယ်လုံဖို့ဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် အာဏာရှင်တွေရဲ့ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားတဲ့ စနစ်ကိုလက်မခံဖို့၊ တဦးချင်းတမိသားစုချင်း အဂတိကင်းတဲ့ စားဝတ်နေရေးကို ဖန်တီးဖို့ ကိုယ့်ပါတ်ဝန်းကျင်ကိုလည်း အဂတိကင်းတဲ့ စီးပွားရေး လူမှုဆက်ဆံရေးစနစ်ကို ထူထောင်ပေးဖို့ပါ။
ဘယ်လောက်ပဲ ဆင်းရဲပါစေ၊ ပြည်သူတိုင်း အဂတိ ကို ငြင်းဆန်ပြီး ပြတ်ပြတ်သားသားနေမယ်ဆိုရင် အာဏာရှင်တွေအတွက် နေစရာနေရာရှိမှာမဟုတ်တော့ဘူး။ အာဏာရှင်စနစ်ဆိုတာ အဂတိ နဲ့ တည်ဆောက်ထားတာ။
ခုတော့ ပြည်သူတွေကိုယ်တိုင် အဂတိမှုကိုမရှောင်ရှားနိုင်ကြဘူးဖြစ်နေတယ်။
ဆန်ရောင်းတဲ့သူက ဆန်ခိုး၊ ဆီရောင်းတဲ့သူကဆီခိုး၊ ဘုရင့်နောင်ပွဲရုံက သိန်းထောင်ချီ ရင်းနှီးနေတဲ့ ကုန်သည်ကြီးတွေလည်းခိုး၊ ၀န်ထမ်းတွေလည်းခိုး၊ ဆရာဝန်လည်း ဆရာဝန်အရောက်၊ အင်ဂျင်နီယာလည်းအင်ဂျင်နီယာအရောက်၊ ကျောင်းဆရာလည်းကျောင်းဆရာအရောက် အားလုံး အဂတိ မှုတွေကို မငြင်းဆန်နိုင်ဘူးဖြစ်နေကြတယ်။ အာဏာရှင်တွေဟာ အဲဒီ အဂတိတွေနဲ့ အသက်ဆက်နေတာပါ။
အဂတိမှုကို ပြည်သူတိုင်းက ငြင်းဆန်ကြမယ်ဆိုရင် ကိုယ့်စည်းကိုယ်လုံကြမယ် အာဏာရှင်တွေသွေးဆောင်ဖြားယောင်တဲ့ အခွင့်အရေးတွေကို ငြင်းဆန်ပြီး ကိုယ်ကျင့်တရားတွေကိုညီညီညွတ်ညွတ်နဲ့ စောင့်ထိန်းကြမယ်ဆိုရင် အာဏာရှင်တွေနေစရာ တနေရာစာတောင် မရှိစေရဘူး။
ချိုတူးဇော်
Sunday, May 29, 2011
လူသားဆန်မှုပြဿနာ.... အောင်သူငြိမ်း
တလောက အမေရိကန်နိုင်ငံက တက္ကဆပ်ပြည်နယ်မှာရှိတဲ့ ဖို့တ်ဟုဒ် (Fort Hood) စစ်စခန်းဌာနချုပ်မှာ စိတ် ရောဂါကု ဆရာဝန် ဗိုလ်မှူးတယောက်က ရဲဘော်အများကို သေနတ်နဲ့ ပစ်ခတ်မှု ဟိုးလေးတကျော် ဖြစ်ခဲ့တယ်။ အဲသည် နောက်ပိုင်းမှာ တီဗွီအစီအစဉ်တွေကလည်း အာဖဂန်၊ အီရတ်စစ်ပွဲတွင်းက၊ ဒါမှမဟုတ် စစ်ပွဲက ပြန်လာ ကြတဲ့ ရဲဘော် တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ လူမှုဖူလုံရေးနဲ့ အပန်းဖြေနိုင်မှု အနေအထားတွေကို ရုပ်သံ အစီအစဉ်တွေက စောကြော ပြလာကြတယ်။ စိတ်ဝင်စားဖွယ်လည်း အတော်ကောင်းတယ်။
Monday, May 23, 2011
Subscribe to:
Posts (Atom)